မြန်မာစာ
သင်၏ လူမှုဘဝ ဝန်ဆောင်မှု ဘေလ်များကို ပေးချေရာတွင် အကူအညီ လိုအပ်ပါသလား။
COVID-19 ကပ်ရောဂါဖြစ်ပွားသည့် ကာလအတွင်း လျှပ်စစ်ဓာတ်အား၊ သဘာဝဓာတ်ငွေ့ သို့မဟုတ် ရေတို့အတွက် ဘေလ်ပေးဆောင်နိုင်ခဲ့ခြင်း မရှိလျှင် အကူအညီ ရရှိနိုင်ပါသည်။
သင်၏ လူမှုဘဝ ဝန်ဆောင်မှု ကုမ္ပဏီထံ ခေါ်ဆိုပါ။ အောက်ပါ မေးခွန်းနှစ်ခုကို မေးမြန်းပါ။
- သင်သည် မည်သည့် ကူညီပံ့ပိုးမှု အစီအစဉ်များအတွက် အရည်အချင်း ပြည့်မီပါသနည်း။
- သင်၏ယခင်က အခွန်ပေးဆောင်မှုနှင့် ပတ်သက်၍ ငွေပေးချေမှု အစီအစဉ်တစ်ရပ် သတ်မှတ်နိုင်ပါသလား။
သင်၏ လျှပ်စစ်ဓာတ်အား၊ သဘာဝဓာတ်ငွေ့ သို့မဟုတ် ရေ လူမှုဘဝ ဝန်ဆောင်မှုထံ ဆက်သွယ်ရာတွင် အကူအညီ လိုအပ်ပါသလား။ ဤစာမျက်နှာပေါ်ရှိ မြေပုံတွင် သင်၏လိပ်စာကို ဖြည့်သွင်းပါ။ https://www.commerce.wa.gov/utility-assistance/
ပြည်သူများ လူမှုဘဝ ဝန်ဆောင်မှုဘေလ်များ ပေးချေခြင်းကို ကူညီပေးသော ဖက်ဒရယ်အစီအစဉ်အတွက် သင်သည် အရည်အချင်း ပြည့်မီနိုင်ပါသည်။
သင်၏ဝင်ငွေအပေါ် မူတည်၍ “LIHEAP” (ဝင်ငွေနည်း အိမ်သုံးစွမ်းအင် ကူညီမှု အစီအစဉ်) ဟု ခေါ်သော ဖက်ဒရယ် အစီအစဉ်အတွက် သင်သည် အရည်အချင်း ပြည့်မီနိုင်ပါသည်။ ရေဝန်ဆောင်ခဘေလ်များ
အတွက် အလားတူ အစီအစဉ်သစ်ကို ရေးဆွဲနေပါသည်။ အောက်ပါတို့သည် အရည်အချင်းပြည့်မီသော ဝင်ငွေအဆင့်များ၏ နမူနာ အနည်းငယ် ဖြစ်ပါသည်။
- အိမ်ထောင်စု အရွယ်အစားသည် လူ 1 ဦး = ဝင်ငွေသည် တစ်လလျှင် $1,595 သို့မဟုတ် တစ်နှစ်လျှင် $19,140 အောက် ဖြစ်သည်။
- အိမ်ထောင်စု အရွယ်အစားသည် လူ 2 ဦး = ဝင်ငွေသည် တစ်လလျှင် $2,155 သို့မဟုတ် တစ်နှစ်လျှင် $26,860 အောက် ဖြစ်သည်။
- အိမ်ထောင်စု အရွယ်အစားသည် လူ 4 ဦး = ဝင်ငွေသည် တစ်လလျှင် $3,275 သို့မဟုတ် တစ်နှစ်လျှင် $39,300 အောက် ဖြစ်သည်။
သတင်းအချက်အလက်များအတွက် 2-1-1 သို့ ခေါ်ဆိုပါ သို့မဟုတ် သင်နေထိုင်သည့် ဒေသတွင်း “ရပ်ရွာလူထု ဆောင်ရွက်မှု လုပ်ငန်းဌာန” ထံ ခေါ်ဆိုပါ။ ဆက်သွယ်ရန် အချက်အလက်များ ရှာဖွေရန် ဤမြေပုံကို အသုံးပြုပါ။ https://fortress.wa.gov/com/liheappublic/Map.aspx
အခြားကုန်ကျစရိတ်များ ကူညီပံ့ပိုးရန် ရင်းမြစ်များ ရရှိနိုင်ပါသည်။ အချက်အလက်များအတွက် 2-1-1 သို့ ခေါ်ဆိုပါ။
ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရောဂါကြောင့် ဝါရှင်တန်ရှိ ပြည်သူများစွာသည် မျှော်လင့်မထားသော ဘေလ်များ ကျန်ရှိနေခဲ့ပါသည်။ သင်တစ်ဦးတည်း မဟုတ်ပါ။ ငှားရမ်းခ၊ အစားအသောက်၊ ကြိုးမဲ့ အင်တာနက်ချိတ်ဆက်စနစ် စသည်ကဲ့သို့သော အရာများအတွက် ပြည်သူများ ငွေပေးချေခြင်းကို ကူညီပံ့ပိုးပေးသော အစီအစဉ်များနှင့် သင့်ကို ချိတ်ဆက်ပေးနိုင်မည့် ပုဂ္ဂိုလ်ဖြင့် စကားပြောရန် 2‑1‑1 သို့ ခေါ်ဆိုပါ။
Last Updated 2021-06
- ኣማርኛ (AM)
- العربية (AR)
- Chuuk (CHK)
- Duetch (DE)
- Español (ES)
- فارسی (FA)
- Français (FR)
- हिन्दी (HI)
- Lus Hmoob (HM)
- 日本語 (JP)
- ကညီ ကျိာ် (KAR)
- ខ្មែរ (KM)
- 한국어 (KO)
- ພາສາລາວ (LAO)
- Kajin Majōl (MH)
- Tu’un Savi (MX)
- မြန်မာစာ (MY)
- नेपाली (NE)
- Afaan Oromoo (OM)
- ਪੰਜਾਬੀ (PA)
- Português (PT)
- Limba română (RO)
- русский язык (RU)
- Gagana Samoa (SM)
- Af-Soomaali (SO)
- Kiswahili (SW)
- தமிழ் (TA)
- తెలుగు (TE)
- ภาษาไทย (TH)
- ትግርኛ (TI)
- Tagalog (TL)
- українська мова (UK)
- ارُدُو (UR)
- Tiếng Việt (VI)
- 简体中文 (ZHS)
- 繁體中文 (ZHT)