COVID-19 အိမ်ငှားခ ထောက်ပံ့ငွေကို ရယူနိုင်ပါပြီ

အိမ်ငှားခပေးရန် ရက်လွန်နေလျှင်ဖြစ်စေ၊ နှင်ထုတ်ခံရနိုင်ခြေ ရှိနေလျှင်ဖြစ်စေ သင့်တွင် ရွေးစရာသုံးခု ရှိပါသည်။

  • အိမ်ငှားထောက်ပံ့ငွေ။ ပြည်နယ်တစ်ဝန်းရှိ ဒေသဆိုင်ရာ အဖွဲ့အစည်းများက အိမ်ငှားခထောက်ပံ့ငွေများ ပေးအပ်ကာ ကူညီပေးနေပါသည်။ သင် သို့မဟုတ် သင့်အိမ်ရှင်သည် သင့်ကောင်တီအတွင်းရှိ ဒေသဆိုင်ရာ အဖွဲ့အစည်းကို ဆက်သွယ်ပြီး မည်သို့လျှောက်ထားရမည်ကို မေးမြန်းနိုင်ပါသည်။

    အိမ်ငှားထောက်ပံ့ငွေ ထုတ်ပေးသူများစာရင်း- https://www.commerce.wa.gov/serving-communities/homelessness/eviction-rent-assistance-program/

    သင်သည် အသက် 25 နှစ်အောက် အိမ်ငှားတစ်ဦးဖြစ်လျှင် ဒေသတွင်း လူငယ်နှင့် အရွယ်ရောက်ပြီးသူလူငယ်များ အိမ်မှနှင်ထုတ်မခံရရေး အိမ်ငှားခ ထောက်ပံ့ငွေ အစီအစဉ်ကို ဆောင်ရွက်သူထံ ဆက်သွယ်ပါ။ စာရင်း- https://www.commerce.wa.gov/serving-communities/homelessness/youth-and-young-adult-eviction-rent-assistance-program/

  • အိမ်မှနှင်ထုတ်ခံရမှု ဖြေရှင်းရေး အစီအစဉ်။ သင် သို့မဟုတ် သင့်အိမ်ရှင်သည် သင်နေထိုင်ရာကောင်တီရှိ ဒေသဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေးစင်တာကို ဆက်သွယ်နိုင်ပါသည်။ ဤစင်တာများက အိမ်မှနှင်ထုတ်ခံရခြင်းနှင့်ဆိုင်သော ပြဿနာများကို ကူညီ ဖြေရှင်းပေးနိုင်ပါသည်။ စာရင်း- org/locations

  • ဥပဒေကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်ခွင့် အစီအစဉ်။ အစိုးရထောက်ပံ့ကြေးယူထားရသော သို့မဟုတ် တစ်ဦးလျှင် နှစ်စဉ်ဝင်ငွေ $25,760 အောက် သို့မဟုတ် မိသားစုဝင် လေးယောက်ရှိသော မိသားစုတစ်စုလျှင် $53,000 အောက်ရှိသော – ဝင်ငွေအလွန်နည်းသည့် အိမ်ငှားများသည် အိမ်မှနှင်ထုတ်ခံရသဖြင့် တရားစွဲဆိုမှုများ ပြုလုပ်ကြစဉ် ရှေ့နေတစ်ဦးနှင့် အခမဲ့ လက်တွဲဆောင်ရွက်ခွင့်ရှိသည်။ အိမ်မှနှင်ထုတ်ခံရမှု ကာကွယ်ရေး စစ်ဆေးမှုဖုန်းလိုင်း ကို 855-657-8387 တွင် ဆက်သွယ်ပါ သို့မဟုတ် org/apply-online တွင် လျှောက်ထားပါ။

ပိုမိုသိရှိလိုပါက ပြည်နယ် ရှေ့နေချုပ်ထံမှ လေ့လာလိုက်ပါ

Office of the Attorney General (ရှေ့နေချုပ်ရုံး) သည် ဤအစီအစဉ်များနှင့် အခြား အိမ်ရှင်၊ အိမ်ငှား ပြဿနာများအကြောင်း ဥပဒေရေးရာနှင့် မူဝါဒရေးရာ အချက်အလက်များကို ဘာသာကစားမျိုးစုံဖြင့် atg.wa.gov/landlord-tenant တွင် ပံ့ပိုးပေးလျက်ရှိပါသည်။

အခြားအသုံးစရိတ်များနှင့်ပတ်သက်ပြီး အကူအညီလိုလျှင် 2-1-1 ကို ဖုန်းခေါ်ပါ

မီတာခ၊ အစားအသောက်၊ အင်တာနက်ခအပြင် အခြားကိစ္စရပ်များနှင့်ပတ်သက်ပြီး ငွေပေးချေရန်အထောက်အကူပြုမည့် အချက်အလက်များပေးနိုင်သူ တစ်ဦးဦးနှင့် စကားပြောဆိုရန် wa211.org တွင် ဝင်ရောက်ကြည့်ရှုပါ သို့မဟုတ် 2-1-1 သို့ ခေါ်ဆိုပါ။

Last Updated 2021-10